သျှမ်းပြည်တပ်မတပ်မတော် တောင်ပိုင်းတပ်ဖွဲ့ ဟု လူသိများသည့် RCSS/SSA နှင့် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ တို့ ယနေ့ တွေ့ဆုံဆွေးနွေးရာ သဘောတူညီချက် ၁၁ ချက် လက်မှတ်ရေးထိုးကြသည်ဟု ဆိုသည်။
တရုတ် - မြန်မာနယ်စပ် သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့တွင် တရုတ်နိုင်ငံဘက်မှ ၀င်ရောက်လာသည့် ကားများအပေါ် ယခုလဆန်းပိုင်းမှစ၍ ညအိပ်ခွန်ကောက်ခံနေကြောင်း သိရသည် ။
ယနေ့ နံနက် သံလွင်အရှေ့ခြမ်းကျိုင်းတုံမြို့ ၌ အစိုးရကိုယ်စားလှယ် နှင့် သျှမ်းပြည်တပ်မတော် ကိုယ်စားလှယ်တို့ တွေ့ဆုံသော ပြည်ဆောင်စုအဆင့် ဒုတိယအကြိမ် ဆွေးနွေးပွဲအား RCSS/SSA ခေါင်း ဆောင် ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်ကိုယ်တိုင်တက်ရောက်သည်ဟုသိရသည်။
ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် နှင့် အမျိုးသားဒီမိုကရက်တစ်တပ်မတော်တို့နှင့်တွေ့ဆုံစဉ် တပ်အင်အားမတိုးချဲ့ဘဲ နိုင်ငံရေးပါတီသာထောင်ရန် ပြည်ထောင်စု နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး ဖိအားပေးခဲ့ကြောင်း အမည်မဖေါ်လိုသည့် ဝတပ်ဖွဲ့ဌာနချုပ်အရာရှိ တဦးကပြော ပါသည်။
နိုင်ငံတော် ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ရာထူးမှ အမှန်တကယ်အနားယူကြောင်း နီးစပ် သည့်အသိုင်းအဝိုင်းက အတည်ပြုပြောသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကြောင့် သတင်းထုတ်ပြန် ကြေငြာရန် အစိုးရက အခက်တွေ့နေရကြောင်း ၎င်းတို့အသိုင်းအဝိုင်းက ပြောပါသည်။
မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ပြည်ထောင်စုအဆင့် ဒုတိယအကြိမ် ထပ်မံတွေ့ဆုံရာ တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်ဖက်မှ ဌာနချုပ်အခြေချရေးလက်တွေ့ အကောင် အထည်ဖော်ရန်နှောင့်နှေးနေမှုအပါအ၀င် အချက် ၃-၄ ချက် ထည့်သွင်းဆွေးနွေးရန်ပြင်ဆင်ထားကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး လောဝ်ဆိုင်ကပြောသည်။
ဧပြီလ ၁ ရက်နေ့မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်နေရာ ၄၈ နေရာအနက် သျှမ်းပြည်မှာတော့ ပြည်သူ့ လွှတ်တော် တနေရာ နဲ့ အမျိုးသားလွှတ်တော် တစ်နေရာ နှစ်နေရာသာ ရှိပါ တယ်။ အဲ့ဒီ ၂ နေရာမှာ ဘယ်သူတွေ ပါ၀င် ယှဉ်ပြိုင်မှာလဲ။ သူတို့တွေက ဘယ်သူတွေလဲ လူထု အတွက် ဘာတွေလုပ် ပေးကြမလဲဆိုတာ သျှမ်းသံတော်ဆင့်က စုဆောင်းတင်ပြထားပါတယ်။
သျှမ်းသံတော်ဆင့်မှတဆင့် တင်ပြပေးပါရန်။
ကျမနာမည် နန်းစိန်ဥဖြစ်ပါတယ်။ သျှမ်းပြည်သားစစ်စစ် နိုင်ငံသားမှတ်ပုံတင်လဲရှိတဲ့လူတယောက်ဟာ သျှမ်းပြည်ထဲမှာ လွတ်လွတ်လပ်လပ်ခရီးသွားလာခွင့်မရှိဘဲ အစိုးရရဲ့ဝန်ထမ်းတွေဟာ ငွေညှစ်ယူခြင်းခံနေရတဲ့အကြောင်း ပြောပြ ချင်ပါတယ်။
လက်ရှိ အစိုးရက ရေးဆွဲနေသော မီဒီယာ ဥပဒေ အပါအဝင် သတင်းမီဒီယာ လွတ်လပ်ခွင့် နှင့် ပတ်သက်ပြီး ပြည်ပ အခြေစိုက် ဧရာဝတီ သတင်းဌာန၊ ဒီမိုကရက်တစ် မြန်မာ့အသံ(DVB)၊ တိုင်းရင်းသား မီဒီယာများပါ၀င်သည့် သတင်း မီဒီယာ ၁၁ ဖွဲ့ပူးပေါင်းဖွဲ့စည်း ထားသော Burma News International(BNI) အဖွဲ့များက သဘောထား ကြေညာချက်ကို ပူးတွဲ ထုတ်ပြန် လိုက်ပါသည်။
(အင်တာဗျူး) ကြားဖြတ်ရွေးကောက်ပွဲအတွက် စည်းရုံးမဲဆွယ်ဟောပြောဖို့ အမျိုးသားဒီမိုကစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ပါတီက ဝင်ရောက်ယှဉ်ပြိုင်မယ့်ဒေသတွေမှာ သွားရောက်စည်းရုံး နေသလို အခုလဆန်းပိုင်းကလည်း သျှမ်းပြည်တောင်ပိုင်း ကလော၊ အောင်ပန်းမြို့တွေမှာ သွားရောက် ဟောပြောခဲ့ပါတယ်။

သျှမ်းသံတော်ဆင့်သတင်းစဉ်မှ လစဉ်ထုတ်ဝေသော Independence ခေါ် ကွဏ်းခေါ် စာစောင်ကို ထောက်ပံ့ ငွေ အကြပ်အတည်းကြောင့် ၂၀၁၀ ဒီဇင်ဘာလ မှစ၍ ထုတ်ဝေမှု ရပ်နားခဲ့ပါသည်။ ယခုအခါ ထိုစာစောင် အစား VCD အဖြစ် သတင်းများထုတ်လုပ်၍ လစဉ် ဖြန့်ဝေသွား မည်ဖြစ်ပါသည်။ ထို့ကြောင့် VCD အလိုရှိသော စာဖတ် ပရိတ်သတ်များ အောက်ပါလိပ်စာအတိုင်း ဆက်သွယ် မေးမြန်းတောင်းယူ နိုင်ပါသည်။
လေးစားလျက်
သျှမ်းသံတော်ဆင့်ဝိုင်းတော်သားများ
P.O.Box 15,
Nong Hoi P.O.,
Chiangmai 50007
Tel: 081-531 2837, 053-807 121, 089-264 4127
