Shan Herald Agency for News (S.H.A.N.)

သျှမ်းပြည်စည်ပင်သာယာရေး၀န်ကြီးက ဆရာမတစ်ဦးအား လိုက်လံနှင်ထုတ်

E-mail Print

သို့

သျှမ်းသံတော်ဆင့် အယ်ဒီတာ ခင်ဗျာ့−

သျှမ်းပြည်အရှေ့ပိုင်း မိုင်းယန်းမြို့ မြို့လယ်ပန်းခြံမှာ ဦးအောင်ကို၀င်းနဲ့ ဆရာမဒေါ်မင်းမင်းသန်းတို့ ဇနီးမောင်နှံဖွင့်ထားတဲ့လက်ဖက်ရည်ဆိုင်ကို သျှမ်းပြည်အစိုးရစည်ပင်သာယာရေး၀န်ကြီးဦးတူးမောင် က နို၀င်ဘာ ၈ ရက်နေ့မှာ ဆိုင်ဖျက်ဖို့ ညွှန်ကြားလိုက်ပါတယ်။ တကယ်လို့ မဖျက်ဘူးဆိုရင် အရေး ယူမယ်၊ တရားစွဲမယ်ဆိုပြီး တခါတည်းအမိန့်ချလိုက် ဒါကြောင့် သူတို့ဇနီးမောင်နှံလည်း နောက်တနေ့ နို၀င်ဘာ ၉ ရက်မှာ ဆိုင် ဖျက်လိုက်ရပါတယ်။


မန္တလေးဇာတိဖြစ်တဲ့ အသက် ၅၅ နှစ်ရှိ ဦးတူးမောင် ဟာ မိုင်းယန်းမှာ ကျောင်းဆရာလုပ်ခဲ့စဉ် ကတည်းက ဆရာမ ဒေါ်မင်းမင်းသန်း ကို် မောင်းထုတ်လာခဲ့တာ ဖြစ်ပါတယ်။ ဦးတူးမောင် ဟာ အလယ်တန်းပြ၊ အထက် တန်းပြ ကျောင်းဆရာအဖြစ် မိုင်းယန်းမှာ တာ၀န်ထမ်းဆောင်ခဲ့ဖူးပါတယ်။ အထက်တန်းပြဆရာ ကနေ ကျောင်းအုပ်ကြီး၊ ကျောင်းအုပ်ကြီးကနေ မြို့နယ်ပညာရေးမှူးအဖြစ် ရာထူးတက်သွားခဲ့ပါ တယ်။ ပညာရေးမှူးရာထူးကနေ အနားယူပြီး USDP ပါတီဝင် တာချီလိတ် မြို့ နယ် ပြည်နယ် လွှတ်တော်အဆင့် မဲဆန္ဒနယ် အမှတ်(၂) မှာ ၀င်ရောက်ယှဉ်ပြိုင်ပြီး လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာတာ ဖြစ်ပါတယ်။

သူတို့နှစ်ယောက် ဘာအငြိုးအတေးတွေ ရှိခဲ့ဖူးသလဲဆိုတာ မသိရပေမဲ့ အခုလို သျှမ်းပြည်စည်ပင် သာယာ ရေး၀န်ကြီး ရာထူးကနေ ညွှန်ကြားလာတာ မသင့်တော်ပါဘူး။ လွန်လွန်းတယ်လို့ ထင်မိပါတယ်။ ၀မ်းစာအတွက် ရှာဖွေစားသောက်တဲ့ ပြည်သူရဲ့အလုပ်ကို ၀န်ကြီးတယောက်အနေနဲ့ လိုက်လံပြီး မဖျက်ဆီးသင့်ပါဘူး။ လိုက်ပြီး ဒုက္ခ မပေးသင့်ပါဘူး။


မိုင်းယန်းမြို့ခံသားတစ်ဦး
၂၈/၁၁/၂၀၁၂
 

 

VCD news on April 2013

သတင်းများကို Email ကနေရယူဖတ်ရှုရန်အတွက် သင့် Email ထဲ့ပြီး Subscribe နှိပ်လိုက်ပါ။:

Myanmar Online Music

cover

ပေးစာကဏ္ဍ

အခြားဆိုဒ်များ

www.shanland.org
သျှမ်းသံတော်ဆင့်၏ အင်္ဂလိပ် စာမျက်နှာ ဖြစ်သည်။
www.mongloi.org
သျှမ်းသံတော်ဆင့်၏ သျှမ်း စာမျက်နှာဖြစ်သည်။

www.khonkhurtai.org
သျှမ်းသံတော်ဆင့်၏ ထိုင်း စာမျက်နှာဖြစ်သည်။
www.bnionline.net
BNI (သို့) နိုင်ငံတကာမြန်မာ့သတင်းသည် မြန်မာပြည်မှ လွတ်လပ်သော သတင်းအဖွဲ့ ၁၀ ဖွဲ့ ဖြင့်ဖွဲ့စည်းထားသော သတင်းကွန်ယက်ဖြစ်ပြီး သျှမ်းသံတော်ဆင့်သည် ၎င်း၏အဖွဲ့ဝင်ဖြစ်သည်။

Myanmar Online MusicAll Website Tools