Shan Herald Agency for News (S.H.A.N.)

ကြားဖြတ်ရွေးကောက်ပွဲကို တရားမျှတစွာလုပ်သွားမည်ဟု ရွေးကောက်ပွဲကော်မရှင်ပြော

E-mail Print

ကြားဖြတ်ရွေးကောက်ပွဲတွင်သာမက ၂၀၁၅ ရွေးကောက်ပွဲတွင်ပါ တရားမျှတ ဖြောင့်မတ်စွာလုပ်သွားမည်ဖြစ်ကြောင်း ကြားဖြတ်ရွေးကောက်ပွဲဝင်မည့်ပါတီများအား ရွေးကောက်ပွဲကော်မရှင်က အစည်းအဝေးခေါ်ယူကာ ရှင်းလင်းပြောကြား သည်ဟု နေပြည်တော်သတင်းရပ်ကွက်က ဆိုပါသည်။

Myanmar-Election1
“ပါတီတိုင်းကိုခေါ်ပြီး အစည်းအဝေးခေါ်တယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ တရားမျှတမှုရှိအောင်လုပ်မယ်။ လာမယ့် ၂၀၁၅ မှာလဲ ထို့အတူဘဲ လို့ပြောတယ်။ မဲပေးပိုင်ခွင့်ရှိသူတွေရဲ့စာရင်းကိုလဲ မဲရုံမှာကပ်မယ်။ အမတ်လောင်းတွေကိုလဲ မဲပေး ပိုင်ခွင့်လူဦးရေစာရင်း တယောက်တစုံပေးမယ်တဲ့။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ကျနော်တို့အမတ်လောင်းတွေက တမျက်နှာ ၂၀၀ ကျပ်နဲ့ဝယ်ရတာကိုး။ မိတ္တူကူးခ ဆိုပြီးတော့လေ” ဟု အစည်းအဝေးတက်ရောက် သည့်လွှတ်တော် အမတ်တဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။


ယမန်နေ့ ဖေဖော်ဝါရီ ၁၄ မနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအထိ အစည်းအဝေးခေါ်ယူခြင်းဖြစ်ပြီး ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးကိုယ်တိုင် ပြောကြားကြောင်း၊ မှတ်ပုံတင်ပြီးသည့်ပါတီတိုင်း ကိုယ်စားလှယ် ၂ ဦးစီ တက်ရောက်ရကြောင်း နေပြည်တော်ရောက် ပြည်သူ့လွှတ်တော် အမတ်တဦးက ပြောပြပါသည်။


“ ကြိုတင်မဲကိုလဲ ရှောင်လွှဲလို့မရမှသာလျှင် ယူရမယ်။ ကြိုတင်မဲပုံးကို ရွေးကောက်ပွဲကျင်းပနေစဉ် အချိန် အတွင်းမှာဘဲ ကြိုတင်မဲပုံးအပ်ရမယ်လို့ စည်းကမ်းထုတ်ထားတယ်။ ပထမတခေါက်တုန်းက ဆိုရင် ရွေးကောက်ပွဲပြီးမှ ရောက်လာတာရှိ တယ်။ ညကြီးမင်းကြီးရောက်လာတာရှိတယ်။တရက်  နှစ်ရက်ကြာမှရောက်လာတာတောင်ရှိသေးတယ်။ ခုတခေါက်တော့ အဲလိုမလုပ်ရဘူးတဲ့ ” ဟု ၎င်းက ဆိုပါသည်။


အစည်းအဝေးတက်ရောက်သူများမှာ ပါတီ၏ လွှတ်တော်အမတ်များ၊ ပါတီကိုယ်စားလှယ်များလည်း တက်ရောက်ကြောင်း၊ NLD မှ ဦးဉာဏ်ဝင်း၊ မွန်ဒေသလုံးဆိုင်ရာပါတီမှ နိုင်ငွေသိန်းကိုလည်းတွေ့ရကြောင်း အမည်မဖော်လိုသည့်အဆိုပါ အစည်းအဝေး တက်ရောက်သူတဦးက ဆက်လက်ပြောပြသည်။


လာမည့် ဧပြီလ ၁ ရက်၌ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင်  လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာရှိပြီး ပြည်သူ့လွှတ်တော် ၄၀ နေရာ ၊ အမျိုးသား လွှတ် တော် ၆ နေရာ ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးလွှတ်တော် ၂ နေရာ တွင် ပါတီ ၁၇ ခု ယှဉ်ပြိုင် ဖို့ ရှိကြောင်း သိရသည်။

 

VCD news on May 2012

Myanmar Online Music

အခြားဆိုဒ်များ

www.shanland.org
သျှမ်းသံတော်ဆင့်၏ အင်္ဂလိပ် စာမျက်နှာ ဖြစ်သည်။
www.mongloi.org
သျှမ်းသံတော်ဆင့်၏ သျှမ်း စာမျက်နှာဖြစ်သည်။

www.khonkhurtai.org
သျှမ်းသံတော်ဆင့်၏ ထိုင်း စာမျက်နှာဖြစ်သည်။
www.bnionline.net
BNI (သို့) နိုင်ငံတကာမြန်မာ့သတင်းသည် မြန်မာပြည်မှ လွတ်လပ်သော သတင်းအဖွဲ့ ၁၀ ဖွဲ့ ဖြင့်ဖွဲ့စည်းထားသော သတင်းကွန်ယက်ဖြစ်ပြီး သျှမ်းသံတော်ဆင့်သည် ၎င်း၏အဖွဲ့ဝင်ဖြစ်သည်။

Myanmar Online Music