Shan Herald Agency for News (S.H.A.N.)

ဂက်စ်ပိုက်လိုင်း လျော်ကြေးငွေ လက်မခံသည့် တောင်သူများကို စွမ်းအင်အရာရှိ ကြိမ်းမောင်း

E-mail Print

ဂက်စ်ပိုက်လိုင်းလျော်ကြေးငွေ လက်မခံသည့် သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာရှိ တောင် သူများကို စွမ်းအင်ဦးစီးအရာရှိ ဦးမျိုးမြင့်အောင်မှ ယခုလ ၁၃ ရက်နေ့ ည ရ နာရီခန့်တွင် ခေါ်ယူကြိမ်းမောင်းခဲ့ကြောင်း သိရသည်။

12122011
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံအထိ ဂက်စ်ပိုက်လိုင်းသွယ်သန်းရာတွင် မြေသိမ်းခံရသည့် မိုင်းဝီးရွာခံ တောင်သူများကို စွမ်းအင်နှင့်မြေစာရင်းဦးစီးအရာရှိများက သဘောတူကြောင်း လက်မှတ်ထိုးခိုင်းရာ လက်မှတ်မထိုး သည့် တောင် သူ ၈ ဦးခန့် ကျန်ရှိပြီး အဆိုပါတောင်သူများအား ခေါ်ယူကြိမ်းမောင်းခြင်း ဖြစ်ကြောင်း သိရသည်။


မရှင်းလင်းသည်များကို မေးမြန်းဆွေးနွေးနိုင်ရန်ဟု ဆိုကာ တောင်သူများကို မိုင်းဝီးရွာ ရယကစာရေး ဦးသန်းဦး နေအိမ်သို့ ခေါ်ယူခဲ့ကြောင်း မိုင်းဝီးရွာခံတောင်သူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။


“လက်မှတ်မထိုးသေးတဲ့တောင်သူ ၈ ဦးလောက်ရှိသေးတယ် အားလုံးဦးရေက အယောက် ၁၀၀ လောက်ရှိတယ်။ အဲဒါကို လက်မှတ်မထိုးသေးတာကို မရှင်းလို့လားဆိုပြီး စွမ်းအင်အရာရှိ ဦးမျိုးမြင့်အောင် ၊ မြေစာရင်းဦးစီးမှူး ဦးကျော်နိုင်တို့က ခေါ်တာပေါ့ တောင်သူတွေကမေးမြန်းကြတဲ့ အခါကျတော့ အဆူခံရ ၊ ရန်ရှာခံရတာပေါ့ ” သူက ဆိုသည် ။


တောင်သူများက ၎င်းတို့၏ လယ်မြေများကို မည်သည့်အတန်းအစားတွင် ထည့်သွင်းထားသနည်းဟု မေးမြန်းရာတွင် စွမ်းအင်ဦးစီးအရာရှိမှ ရှင်းလင်းစွာဖြေဆိုခြင်း မရှိကြောင်း သိရသည်။


“တောင်သူတွေက သူတို့လယ်တွေကို ဒုတိယတန်းစားမှာ ထည့်မှာစိုးလို့ ဘယ်အတန်းအစားမှာ ထည့်သလဲလို့ မေးတော့ ဦးမျိုးမြင့်အောင်က ပြန်ဆဲဆိုဟိန်းဟောက်တယ် ” ဟု ဆိုသည်။


တစ်နှစ်အတွင်း စိုက်ပျိုးသည့် အကြိမ်အရေအတွက်ပေါ် မူတည်၍ သိမ်းယူခံရသည့် လယ်မြေများကို ပထမ ၊ ဒုတိယ နှင့် တတိယတန်းစား ဟူ၍ ခွဲခြားသတ်မှတ်ကာ လျှော်ကြေးငွေကို ပထမတန်းစား ကျပ်သိန်း ၃၀ ၊ ဒုတိယတန်းစား ကျပ် ၂၅ သိန်းနှင့်  တတိယတန်းစား ၂၀ ပေးကြောင်း သိရသည် ။


တောင်သူများက မြေစာရင်းဋ္ဌာနမှ တိုင်းတာသည့် လယ်မြေအကျယ်အဝန်း မှန်ကန်မှုမရှိကြောင်း ပြောဆိုခဲ့ရာ မြေစာရင်း ဦးစီးအရာရှိ ဦးကျော်နိုင်မှ ဂရမ်မရှိသည့် မြေများဖြစ်၍ လျော်ကြေးအပြည့်မပေးနိုင်ကြောင်း ပြန်လည် ပြောဆိုခဲ့သည်ဟု ဆိုသည် ။


အဆိုပါမြေများမှာ မြေဂရမ်မရှိသော်လည်း ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်ခဲ့သည့် ဓါးမဦးချ မြေများဖြစ်ကြောင်း ဦးကျော်နိုင်မှတရား မဝင်သလို ခြိမ်းခြောက် ပြောဆိုနေကြောင်း အဆိုပါတောင်သူများက ဆိုသည်။

 

VCD news on May 2012

Myanmar Online Music

အခြားဆိုဒ်များ

www.shanland.org
သျှမ်းသံတော်ဆင့်၏ အင်္ဂလိပ် စာမျက်နှာ ဖြစ်သည်။
www.mongloi.org
သျှမ်းသံတော်ဆင့်၏ သျှမ်း စာမျက်နှာဖြစ်သည်။

www.khonkhurtai.org
သျှမ်းသံတော်ဆင့်၏ ထိုင်း စာမျက်နှာဖြစ်သည်။
www.bnionline.net
BNI (သို့) နိုင်ငံတကာမြန်မာ့သတင်းသည် မြန်မာပြည်မှ လွတ်လပ်သော သတင်းအဖွဲ့ ၁၀ ဖွဲ့ ဖြင့်ဖွဲ့စည်းထားသော သတင်းကွန်ယက်ဖြစ်ပြီး သျှမ်းသံတော်ဆင့်သည် ၎င်း၏အဖွဲ့ဝင်ဖြစ်သည်။

Myanmar Online Music