Shan Herald Agency for News (S.H.A.N.)

USDP အကြီးအကဲများက ပါတီဝင်များထံ ပိုက်ဆံကျပ်သန်းချီ စုကြေးကောက်

E-mail Print

သံလွင်အရှေ့ပိုင်း ကျိုင်းတုံမြို့အရှေ့မြောက်ဖက် ၁၀၂ ကီလိုမီတာဝေးသည့် မိုင်းယန်းမြို့နယ် USDP အကြီးကဲများ က ပါတီဝင်များထံ စုကြေးငွေမထည့်မနေရဟုဆိုကာ ကျပ်ငွေသန်းချီ ကောက်ယူနေသောကြောင့် အခက်တွေ့နေရကြောင်း ပါတီဝင်မိသားစုများက ပြောပါသည်။


“နှစ်တိုင်းနှစ်တိုင်း ပိုက်ဆံထည့်ရတယ်။ အတိုးပေးမယ်လို့ပြောပြီး ခုထိဘာအတိုးမှမရဘူး။ ခုလည်း ထပ်တောင်းလာ တယ်။ ၁၅ သိန်း။ မထည့်မနေရတဲ့။ ကျမယောက်ကျား ကြံ့ဖွံ့ပါတီဝင်ကတည်းကနေ ခုထိပိုက်ဆံထဲ့ရတာ သိန်း ၃၀ ကျော်ပြီ။ ကျမလဲမခံနိုင်တော့ဘူး။ အရမ်းကိုကျပ်တည်းနေပြီ” ဟု မိုင်းယန်းမြို့ ဟော်တိုက်ရွာနေ ကြံ့ဖွံ့ပါတီဝင် စိုင်းအွန် ကျောက်၏ ဇနီး နန်းနွန်းစယ့်က ပြောပြကြောင်း ကျိုင်းတုံဒေသခံ စိုင်းယီ့က သျှမ်းသံတော်ဆင့်အား ပြောပြသည်။


ယခုလ ၁၃ ရက်က ကြံ့ဖွံ့ပါတီ ကော်မတီဝင်တိုင်း တယောက်လျင် စုကြေးသဘောမျိုး ပိုက်ဆံ ကျပ် ၁၅ သိန်းထည့်ဝင်ရန် ပါတီဝင်များအား အစည်းအဝေးခေါ်ကာ ဆင့်ဆိုလာကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲ၌ အသုံးပြုရန် ဟုလည်းပြောကြောင်း ၎င်းတို့နှင့်နီးစပ်သည့် မိုင်းယန်းမြို့ခံများက ပြောပါသည်။


“အစိုးရက သူတို့ကိုလစာမပေးလို့ ဒီစုကြေးငွေတွေနဲ့ လစာတွေပေးသွားမယ်လို့ပြောတယ်။ အတိုးရဖို့နေနေသာသာ အသားပါပျောက်သွားမှာစိုးရိမ်ရလို့ စားလဲမဝင် အိပ်လဲမပျော်ဘူး” - ဟု မိုင်းယန်းမြို့ ပြည်ခိုင်ဖြိုးပါတီဝင်တဦးက ပြောပြသည်။


၂၀၁၅ ရွေးကောက်ပွဲ၌လည်း မိုင်ယန်းမြို့နယ်အတွင်း ကြံ့ခိုင်ရေးပါတီကသာ အနိုင်ရအောင် လုပ်ဆောင်ရမည်ဟု အစည်းအဝေး၌ပြောကြောင်း  ပါတီဝင်များက ပြော၏။ ကျားဖြူပါတီလည်း လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှန် ပြိုင်ရန်အတွက် မိုင်းယန်းမြို့၌ မကြာသေးခင် ရုံးဖွင့်ထားကြောင်း၊ မြို့နယ်ကော်မတီ မဖွဲ့စည်းရသေးသော် လည်း ၂၀၁၅ မတိုင်မှီ ပြင်ဆင်သွားမည်ဖြစ်ကြောင်း ကျားဖြူအသိုင်းဝိုင်းက  ပြောပါသည်။

 

VCD news on May 2012

Myanmar Online Music

အခြားဆိုဒ်များ

www.shanland.org
သျှမ်းသံတော်ဆင့်၏ အင်္ဂလိပ် စာမျက်နှာ ဖြစ်သည်။
www.mongloi.org
သျှမ်းသံတော်ဆင့်၏ သျှမ်း စာမျက်နှာဖြစ်သည်။

www.khonkhurtai.org
သျှမ်းသံတော်ဆင့်၏ ထိုင်း စာမျက်နှာဖြစ်သည်။
www.bnionline.net
BNI (သို့) နိုင်ငံတကာမြန်မာ့သတင်းသည် မြန်မာပြည်မှ လွတ်လပ်သော သတင်းအဖွဲ့ ၁၀ ဖွဲ့ ဖြင့်ဖွဲ့စည်းထားသော သတင်းကွန်ယက်ဖြစ်ပြီး သျှမ်းသံတော်ဆင့်သည် ၎င်း၏အဖွဲ့ဝင်ဖြစ်သည်။

Myanmar Online Music