Shan Herald Agency for News (S.H.A.N.)

ယာဘဆေးပြား ၈ သန်းကျော် တာချီလိတ်၌ ဖမ်းမိ- ပိုင်ရှင်များထွက်ပြေးလွတ်မြောက်ဆဲ

E-mail Print

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့၌ နာမည်ကြီး မူးယစ်မှောင်ခိုသူဌေးကြီးတဦး၏ လက်အောက် ခံတပည့် များထံမှ စိတ်ကြွဆေးပြား (ယာဘ) ၈ သန်းကျော်နှင့်အတူ ဘိန်းဖြူအမြောက်အများကို  ကြိုတင်သတင်းရထားသည့်  မူးယစ်ဆိုင်ရာ  အာဏာပိုင်များက ရှောင်တခင်ဝင်ရောက် စစ်ဆေး ဖမ်းဆီးရမိခဲ့ကြောင်း  သိရသည်။

yaba-astv
ဖေဖော်ဝါရီ ၁၃ ရက်က တာချီလိတ်မြို့ ဗျူဟာမှူး ဗိုလ်မှူးကြီးခင်မောင်စိုး ဦးဆောင်သည့်  မူးယစ်ဆေးဝါးတားဆီး နှိမ်နင်း ရေးအထူးတပ်ဖွဲ့က တာချီလိတ်မြို့နယ် လွယ်တော်ခမ်းအုပ်စု ဝမ့်ဖါခေါဝ်ရွာအတွင်း ရှောင်တခင်ဝင်ရောက်စစ်ဆေးရာ ယာဘဆေးပြား ၈ သန်း ၇ သိန်းနှင့် ဘိန်းဖြူများကို  ဝမ့်ဖါခေါဝ်ရွာ ၃ ဦး၏ နေအိမ်များမှ ဖမ်းဆီးရမိပြီး ပိုင်ရှင်များ ကို မူ ဖမ်းဆီးနိုင်ခြင်း ဖြစ်ပါသည်။

 
၎င်းနှင့်ပတ်သက်၍ တာချီလိတ်ဒေသခံက “ ဟုတ်တယ်။ ပိုင်ရှင် ၃ ယောက်လုံး လွတ်နေတယ်။ အဲ့ထဲက တ ယောက် ရဲ့ မိန်းမကိုတော့ ဖမ်းထားတယ်ပြောတယ်” ဟု အတည်ပြုပြောဆိုသည်။


ဝမ့်ဖှါခေါဝ်ရွာနေ အခါအမျိုးသား   အားမူ (ဇနီးသည် မီဂျူး အားဖမ်းဆီးထား)ထံမှ ဆေးပြား ၂,၃၉၄,၀၀၀  ၊ အားကာ ထံမှ ဆေးပြား ၁,၈၅၆,၀၀၀နှင့် အားကားထံမှ ဆေးပြား ၄,၄၆၈,၄၀၀  ကို နေအိမ်ခြံဝင်းအတွင်း မြှုပ်နှံထားသည်ကို တူးဖေါ်သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။


“ ဒီပိုင်ရှင် ၃ ယောက်ကို ထောက်ပံ့ပေးနေတာက သူဌေးကြီး အားမယ် အသက် ၄၇ နှစ်။ အားမယ်ကို ကူညီထောက်ပံ့ပေး တာ က ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်က ထိုင်းအမျိုးသားတဦး။ ဒီ အားမယ်ဆိုတဲ့လူက ပိုက်ဆံတော်တော်ချမ်းသာတယ်။ ပိုက်ဆံ လိုရင် အချိန်မရွေး သူထုတ်ပေးနိုင်တယ်။ သူ့ကို မနုဿ ATM လို့တောင် ခေါ်ကြတယ်။  ဒါပေမယ့် သူက အာဏာပိုင် တွေတိုင်းလိုလိုနဲ့ ဝင်ထွက်ရင်းနှီးပေးကျွေးနိုင်တယ်။ (ဗျူဟာမှူး) ခင်မောင်စိုးအပါအဝင်ဘဲ” ဟု အဆိုပါ တာချီလိတ် ဒေသခံက သျှမ်းသံတော်ဆင့်အား ဆက်လက်ပြောပြသည်။


အဆိုပါ ယာဘဆေးပြား ၈ သန်း ကျော်အပြင် ဘိန်းဖြူ ၅၂ ကီလိုဂရမ်ကျော်နှင့် လက်နက်ကြီးငယ် အမျိုးမျိုးကိုလည်း ဖမ်းဆီးရမိကြောင်း၊ အခါအမျိုးသား  ဦးအားမယ်ကိုမူ မြန်မာမူးယစ်အာဏာပိုင်များက သွားရောက် စစ်ဆေးခြင်းမရှိ ကြောင်း ဆိုပါသည်။


“အားမယ်ရဲ့ပြိုင်ဖက်တွေက တိုင်တာလဲဖြစ်နိုင်တယ်။ သို့အဟုတ် အားမယ်က ကြီးကျယ်တော့ သူ့ရဲ့မကျေနပ်တဲ့ နောက် လိုက်တွေ တပည့်တပန်းတွေက တိုင်လိုက်တာလဲ ဖြစ်နိုင်တယ်။ တြိဂံတိုင်းရုံး သို့မဟုတ် တိုင်းရုံးအဆက် ကိုတိုင်တာလဲ ဖြစ် နိုင် တယ်။ စီးနင်းဖို့  ဗျူဟာမှူး ခင်မောင်စိုး ကို တိုင်းရုံးကနေ ဆင့်ဆိုလို့ သူလဲမလွဲသာလို့ သွားရတာ။ သူတို့ကြေငြာတာထက်ပိုပြီး များမယ်လို့ထင် တာဘဲ” ဟု တာချီလိတ် ဒေသခံ အမျိုးသမီးတဦးကလည်း ပြောသည်။


အဆိုပါ မူးယစ်ဆေးများအား ဖမ်းဆီးရမိပြီး နောက်တရက် ဖေဖော်ဝါရီ ၁၄ ရက်တွင် ဒေသခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တချို့ ယာဘဆေးပြား (ပုံမှန်ဈေးနှုန်း တပြား ၄၀-၄၅ ဘတ်အား) တပြားလျှင်  ၂၅- ၃၀ ဘတ် ဖြင့် မြို့တွင်း၌ လှည့်ရောင်းနေသည် ကိုတွေ့ရကြောင်း အဆိုပါ အမျိုးသမီးက ဆက်လက်ပြောပြသည်။


ယခုကဲ့သို့ မူးယစ်ဆေးဝါးဖမ်းဆီးရန်အတွက် ထိုင်းမြန်မာ  TBC  အစည်းအဝေး၌ မြန်မာအာဏာပိုင်အား ထိုင်းအာဏာ ပိုင်က တိုက်တွန်းဖိအားပေးမှုကြောင့်လည်းဖြစ်နိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဂျန္နဝါရီ ၂၂ ရက်က  ထိုင်း - မြန်မာ နယ်စပ်၌ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ထိုင်းရဲအရာရှိ ၁ ဦးအား မြန်မာနိုင်ငံဘက်ခြမှ အခါ မူးယစ်မှောင်ခိုသမားများက ပစ်သတ်ပြီးအခြားတဦးဒဏ်ရာရသွားသောကြောင့်ဖြစ်ကြောင်း ASTV သတင်းက ဖော်ပြထားပါသည်။

 

VCD news on May 2012

Myanmar Online Music

အခြားဆိုဒ်များ

www.shanland.org
သျှမ်းသံတော်ဆင့်၏ အင်္ဂလိပ် စာမျက်နှာ ဖြစ်သည်။
www.mongloi.org
သျှမ်းသံတော်ဆင့်၏ သျှမ်း စာမျက်နှာဖြစ်သည်။

www.khonkhurtai.org
သျှမ်းသံတော်ဆင့်၏ ထိုင်း စာမျက်နှာဖြစ်သည်။
www.bnionline.net
BNI (သို့) နိုင်ငံတကာမြန်မာ့သတင်းသည် မြန်မာပြည်မှ လွတ်လပ်သော သတင်းအဖွဲ့ ၁၀ ဖွဲ့ ဖြင့်ဖွဲ့စည်းထားသော သတင်းကွန်ယက်ဖြစ်ပြီး သျှမ်းသံတော်ဆင့်သည် ၎င်း၏အဖွဲ့ဝင်ဖြစ်သည်။

Myanmar Online Music